(Terms and Conditions)
(Terms and Conditions)
၁။ TAY+ အကြောင်း
TAY+ service ဆိုသည်မှာ TAY+ နှင့် MPT တို့ပူးပေါင်းတင်ဆက်သည့်
အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသည့် အွန်လိုင်း ဗီဒီယို ပလက်ဖောင်း ဖြစ်ပါသည်။ TAY+
တွင် သုံးစွဲသူများအနေဖြင့် ရုပ်ရှင် ဗီဒီယို
ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများနှင့် အခြားသော စိတ်ဝင်စားစရာ
ကိုယ်ပိုင်ထုတ်လုပ်ထားသည့် အစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
၂။ အသုံးပြုရန်လိုအပ်ချက်
ယခုဝန်ဆောင်မှုကို ရယူမည့်သူသည်
ကြိုတင်ငွေဖြည့်စနစ် (Pre-Paid) ဖြင့်သုံးသည့် MPT အသုံးပြုသူတစ်ယောက်ဖြစ်ရမည်။
၃။ ဝန်ဆောင်မှုအသုံးပြုခ
TAY+ ဝန်ဆောင်မှု
ကိုစတင်အသုံးပြုတဲ့အချိန်မှစ၍ အသုံးပြုပါက တစ်ရက်လျှင် (၁၄၉)
ကျပ်နှုန်းကောက်ခံသွားပါမည်။ TAY+ Mobile Application အား Download ရယူရန် https://bit.ly/TayPlus အားနှိပ်ပါ။ (သို့) 8334 သို့ ON ဟု MPT ဖုန်းဖြင့်စာတိုပေးပို့ပါ။ MPT မှဝန်ဆောင်မှု လျောက်ထားရယူခြင်းကို မှန်ကန်မှု
ရှိ မရှိ အတည်ပြုသည့် SMS ပေးပို့မည် ဖြစ်ပြီး သင့်အနေဖြင့်
လက်ခံပါက “9” ဟုရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ပေးရန်
လိုအပ်ပါသည်။
၄။ ငွေပေးချေခြင်း
ဤဝန်ဆောင်မှုကိုသုံးစွဲခြင်း (သို့)
ဤဝန်ဆောင်မှုကိုသုံးစွဲမှုနှင့် ဆက်စပ်ပေါ်ပေါက်လာသည့် MPT ထံပေးဆောင်ရမည့် ဝန်ဆောင်ခအားလုံးကိုဖုန်းငွေလက်ကျန်မှ ဖြတ်တောက်မည်။
MPT မှတွက်ချက်ကောက်ခံသွားမည်ကို
မိမိအနေဖြင့် သဘောတူညီပါသည်။
၅။ ဝန်ဆောင်မှုပေးခြင်း
ဝန်ဆောင်မှုကိုရယူရန်အတွက်
ဝန်ဆောင်မှုအသုံးပြုခပေးသွင်းရမည်ဖြစ်ပြီး ရုပ်ရှင် ဗီဒီယို ဒရမ်မာ
ဇာတ်လမ်းတွဲများနှင့် အခြား ကိုယ်ပိုင်ထုတ်လုပ်သည့် အစီအစဉ် များကို
ဝင်ရောက်ကြည့်ရှု နိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်မှု ရယူပြီးသည့်အခါ အသုံးပြုရန်
သဘောတူညီမှု ပေးသည့် စာတို SMS နှင့်အတူ ဝန်ဆောင်မှုပေးသည့် Link
ကို ရရှိမည်ဖြစ်ပါသည်။ ဝန်ဆောင်မှု ရပ်တန့်လိုပါက
“8334” သို့ OFF ဟု SMS ပေးပို့ရမည်ဖြစ်ပါသည်။
၆။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း
TAY+ ဝန်ဆောင်မှုရယူပြီး MPT ဖုန်းဘီလ်အား ၃လ (ရက် ၉၀) အထိ ထပ်မံငွေဖြည့်
သွင်းခြင်းမရှိပါက ဝန်ဆောင်မှုကိုရပ်ဆိုင်းလိုက်မည်ဖြစ်သည်။ ထိုဝန်ဆောင်မှု
ရပ်ဆိုင်းခြင်းကို ကြို တင်အကြောင်းကြားခြင်းမရှိပဲပြုလုပ်ခွင့်ရှိသည်ဟု
သဘောတူရာရောက်သည်။
၇။ TAY+ နှင့် မသက်ဆိုင်ကြောင်းရှင်းလင်းကန့်သတ်ချက်များ
TAY+ မှတင်ဆက်သည့်အကြောင်းအရာများသည် MPT
နှင့်ပတ်သက်ဆက်နွယ်ခြင်း တစ်စုံတစ်ရာ မရှိပါ။
မည်သည့်သတင်းအချက်အလက်၊ စာသား၊ ဗီဒီယိုများကို TAY+ နှင့် မသက်ဆိုင်သော အခြားနေရာများတွင် ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
ကူးယူအသုံးပြုလိုပါက TAY+ ထံသို့ ကြိုတင် အကြောင်းကြား၍
ညှိနှိုင်းရမည်ဖြစ်ပါသည်။