(FAQ)
၁။ TAY+ ဆိုတာ ဘာလဲ။
TAY+ service ဆိုသည်မှာ TAY+ နှင့် MPT တို့ပူးပေါင်းစီစဉ် တင်ဆက်လိုက်သော
စိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ ရုပ်ရှင်များစွာကို တင်ဆက်ပေးမည့် အွန်လိုင်း
ဗီဒီယို ပလက်ဖောင်း ဖြစ်ပါသည်။ TAY+ တွင်
သုံးစွဲသူများအနေဖြင့် ရုပ်ရှင် ဗီဒီယို ဇာတ်ကားများ ဇာတ်လမ်းတွဲများနှင့်
အခြားသောစိတ်ဝင်စားစရာကိုယ်ပိုင်ထုတ်လုပ်ထားသည့်အစီအစဉ်များကို
ရွေးချယ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
၂။ TAY+ ဝန်ဆောင်မှုကို မည်သို့ရယူအသုံးပြုနိုင်ပါသလဲ။
(၁) ဦးစွာ ပထမ MPT ဖုန်းနံပါတ်တစ်ခုဖြင့် 8334 သို့ ON ဟု SMS ပေးပို့ရပါမယ်။
(၂) MPT မှဝန်ဆောင်မှု လျောက်ထားရယူခြင်းကို မှန်ကန်မှု ရှိ မရှိ အတည်ပြုသည့်
SMS ပေးပို့မည် ဖြစ်ပြီး သင့်အနေဖြင့်
လက်ခံပါက “9” ဟုရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ပေးရန်
လိုအပ်ပါသည်။
(၃) ဝန်ဆောင်မှု အောင်မြင်ကြောင်း
အကြောင်းပြန်စာနှင့်တကွ TAY+ application ဒေါင်းလုတ်ဆွဲရန်
link ပါသော SMS တစ်စောင် သင့်ဖုန်းထဲသို့ ဝင်လာပါမည်။
(၄) Application မရှိသေးပါက Download link ကိုနှိပ်လိုက်ရုံဖြင့်
အခမဲ့ဒေါင်းလုတ်ရယူပြီး ဖုန်းအတွင်း ထည့်သွင်းနိုင်ပါတယ်။
(၅) Application ကိုဖွင့်ပြီး ဝန်ဆောင်မှုကို ရယူထားသော ဖုန်းနံပါတ်ကို ထည့်သွင်းပြီး
ဝင်ရပါမယ်။
(၆) ထည်သွင်းလိုက်သော ဖုန်းနံပါတ်သို့
ဂဏန်း ၄ လုံးပါသော OTP Code နံပါတ် ပါဝင်သည့် SMS တစ်ခု ဝင်လာမှာဖြစ်ပါတယ်။
(၇) ထို့နောက် SMS တွင်ပါဝင်သော OTP Code နံပါတ်ကို ပြန်လည်ထည့်သွင်းပြီး TAY+ Application ကို အသုံးပြုနိုင်ပါပြီ။
၃။ TAY+ ဝန်ဆောင်မှုကို ရပ်တန့်လိုပါက မည်သို့ပြုလုပ်ရမလဲ။
8334 သို့ OFF ဟု SMS ပေးပို့ရပါမယ်။
၄။ Video contents များအား မည်သည့်နေရာမှ ရယူထားပါသလဲ။
ကိုယ်ပိုင်ထုတ်လုပ်ရေးနှင့် အခြား
ထုတ်လုပ်ရေးများမှ ဝယ်ယူထားပါသည်။
၅။ TAY+ ဝန်ဆောင်မှုအတွက် မည်မျှ ကျသင့်ပါလဲ။
TAY+ ဝန်ဆောင်မှုမှ ဖတ်ရှုလေ့လာဖွယ်
အကုန်လုံးအတွက် တစ်ရက်လျှင် ၁၄၉ ကျပ် (အခွန်၅%ပါဝင်ပြီး) သာ ကျသင့်မှာဖြစ်ပါတယ်။
၆။ 8334 သို့ ON ဟု ပေးပို့ထားပါသော်လည်း TAY+ တွင် ဝင်ရောက်ကြည့်ရှု၍မရပါ။ ဘာ့ကြောင့်ပါလဲ။
(၁) ပထမဦးစွာ ဝန်ဆောင်မှုရရယူခြင်း
အောင်မြင်မှုရှိမရှိ စိစစ်ရမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူခြင်းအောင်မြင်ပါက
ရယူမှုအောင်မြင်ကြောင်း အကြောင်းကြားသည့် SMS ရရှိရမည် ဖြစ်ပါသည်။ ၎င်း SMS မရရှိပါက “8334” သို့ ထပ်မံ၍ “ON” ဟုပေးပို့ရပါမည်။
(၂) MPT မှဝန်ဆောင်မှု လျောက်ထားရယူခြင်းကို မှန်ကန်မှု ရှိ မရှိ အတည်ပြုသည့်
SMS ပေးပို့မည် ဖြစ်ပြီး သင့်အနေဖြင့်
လက်ခံပါက “9” ဟုရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ပေးရန်
လိုအပ်ပါသည်။
(၃) အကြောင်းပြန်သည့် SMS ရရှိသော်လည်း ဆက်လက်၍ အသုံးပြုမရဘဲ ဖြစ်နေပါက
အောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်ပါတယ်
(က) TAY+ ဝန်ဆောင်မှုကို အသုံးပြုရန် အင်တာနက်လိုင်း လိုအပ်ပါသည်။ သင့်ဖုန်းတွင်
အင်တာနက်လိုင်း ဖွင့်ထားပြီး လုံလောက်သော လက်ကျန်ငွေ သို့မဟုတ် အင်တာနက် Package
ရှိရန် လိုအပ်ပါတယ်။ ဒေါင်းလုတ် ပြုလုပ်ပြီးနောက် Data
Charges မကုန်ဘဲ ရက် ၃၀ အထိ
ကြည့်ရှုရန်ခွင့်ပြုထားပါသည်။ မှတ်ချက်။
။ အဆိုပါဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် သင့်အနေဖြင့် တစ်ရက်တာ ကျသင့်ငွေ
ပေးချေပြီး သို့မဟုတ် ဖုန်းဘေ လက်ကျန် အနည်းဆုံး ၃၅၀ ကျပ် နှင့် အထက် ရှိမှသာ
အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ ဒေါင်းလုပ်ပြုလုပ်ထားသော Content များအားကြည့်ရှုမှုအတွက် Data Charges များအပါအဝင် အခြားမည်သည့်
အပိုဆောင်းကုန်ကျငွေများထပ်မံကျသင့်မည်မဟုတ်ပါ။
(ခ) ဝန်ဆောင်မှုရယူရန် SMS ပေးပို့ရာတွင် အသုံးပြုသည့် MPT ဖုန်းနံပါတ်နှင့် Application အတွင်း ဝင်ရောက်သည့်အခါ ထည့်သွင်းသည့်
ဖုန်းနံပါတ်မှာ အတူတူဖြစ်ရန် လိုအပ်ပါတယ်။
၇။ TAY+ facebook page ကနေ တင်ပေးမယ့် အကြောင်းအရာတွေနဲ့ application
မှာ တင်ပေးမယ့် အကြောင်းအရာတွေ မတူဘူးလား။
Application မှာ အကြောင်းအရာ
စုံလင်စွာတင်ပေးမှာဖြစ်ပြီးတော့ facebook page မှာတော့ အနည်းငယ်မျှသာ တင်ပေးမှာ ဖြစ်ပါတယ်။
၈။ ဘယ်ဖုန်းနဲ့မဆို အသုံးပြုလို့ရလား။
Android Version 5.0 နှင့်အထက် မည်သည့် Android ဖုန်းမဆို အသုံးပြုလို့ရသလို IOS
Version 10.0 နှင့် အထက် ရှိသော
ဖုန်းတိုင်းနှင့်လည်း အသုံးပြုနိုင်ပါသည်။
၉။ တခြား ဆင်းမ်ကဒ်တွေနဲ့ရော
သုံးလို့မရဘူးလား။
MPT ဆင်းမ်ကဒ်တစ်မျိုးထဲနဲ့သာ
ဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။
၁၀။ TAY+ application ကို ဖုန်းထဲမှာ uninstall လုပ်လိုက်ရင် ဝန်ဆောင်မှု ရပ်တန့်သွားမှာလား။
Application ကို uninstall လုပ်ရုံဖြင့် ဝန်ဆောင်မှုကို မရပ်တန့်နိုင်ပါ။ ဝန်ဆောင်မှုကို
ရပ်တန့်ရန် 8334 သို့ OFF ဟု ပေးပို့ပါ။
၁၁။ TAY+ တွင် တင်ဆက်ပြသမည့် ဗီဒီယို နှင့် ဇာတ်လမ်းတွဲများတွင် စာတန်းထိုး
ပါဝင်ပါသလား။
TAY+ တွင် တင်ဆက်ပြသမည့် ဗီဒီယို နှင့်
ဇာတ်လမ်းတွဲများတွင် မြန်မာစာတန်းထိုး ပါဝင်ပါသည်။
၁၂။ TAY + တွင် ဗီဒီယို ရုပ်ထွက်အရည်အသွေးအားဖြင့် မည်မျှသတ်မှတ်ထားသနည်း။
TAY+ တွင် ဗီဒီယို ရုပ်ထွက် အရည်အသွေးအားဖြင့် 360p, 480p, 720p စသည်ဖြင့် ကြည့်ရှုနိုင်အောင် သတ်မှတ်ထားပါသည်။
၁၃။ TAY+ တွင် ပုံမှန် ဗီဒီယို အရည်အသွေး မည်မျှသတ်မှတ်ထားသနည်း။
TAY+ တွင် ပုံမှန် သတ်မှတ်ထားသော ဗီဒီယို
အရည်အသွေးအားဖြင့် သုံးစွဲသူတို့၏လိုင်းဆွဲအား ပေါ်မူတည်၍ ပြောင်းလဲသွားမည်
ဖြစ်ပါသည်။
၁၄။ TAY+ တွင် တင်ဆက်ပြသမည့် Videos များကို
ပျမ်းမျှအားဖြင့်မည်မျှသတ်မှတ်ထားသနည်း။
TAY+ တွင် Minimum video size အနေဖြင့် 10 MB မှစ၍ ကြည့်ရှုနိုင်မည်ဖြစ်ပြီး Maximum video size အနေဖြင့် 2 GB ထိ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
၁၅။ ဒေါင်းလုတ်ပြုလုပ်ပြီးနောက်
ကြည့်ရှုမည့် ကာလအား မည်မျှ သတ်မှတ်ထားသနည်း။
ဒေါင်းလုတ် ပြုလုပ်ပြီးနောက် Data
Charges မကုန်ဘဲ ရက် ၃၀ အထိ
ကြည့်ရှုရန်ခွင့်ပြုထားပါသည်။